Burmese

မြန်မာ

ဗစ်တိုးရီးယားအစိုးရဌာန သို့မဟုတ် ဒေသခံကောင်စီထံမှ မတရားပြုမူဆက်ဆံမှုကို ခံခဲ့ရဖူးပါသလား။

သင့်မှာ တိုင်ကြားရန်ရှိပါသလား။

The Victorian Ombudsman သည် ဗစ်တိုးရီးယားပြည်နယ် အစိုးရဌာနများနှင့် ဒေသခံကောင်စီများနှင့် ပတ်သက်သောတိုင်ကြားချက်များကို စုံစမ်းစစ်ဆေးသည်။ ၎င်းတွင် အစိုးရကျောင်းများ၊ ဗစ်တိုးရီးယား လမ်းပန်းဆက်သွယ်ရေးဌာန၊ ဗစ်တိုးရီးယား ပြစ်ဒဏ်ဆိုင်ရာစီမံခန့်ခွဲရေးနှင့် ပြန်လည်ထူထောင်ရေး၊ မိသားစုများ၊ တရားမျှတမှုနှင့် အိမ်ရာဆိုင်ရာ ဌာန၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ မတော်တဆမှု ကော်မရှင်၊ အလုပ်သမားထိခိုက်မှု အာမခံနှင့် အခြားများစွာတို့ ပါဝင်ပါသည်။ မည်သူမဆို တိုင်ကြားနိုင်ပါသည်။

သင့်မှာ တိုင်ကြားရန်ရှိပါက

ပထမဦးဆုံး ပြည်နယ်အစိုးရဌာန သို့မဟုတ် ဒေသခံကောင်စီနှင့် ပြဿနာကို ဖြေရှင်းကြည့်ပါ။

သင့်တိုင်ကြားချက်ကို ဌာနသို့မဟုတ် ဒေသခံကောင်စီက ကိုင်တွယ်ဆောင်ရွက်သည့်နည်းလမ်းအပေါ် စိတ်မကျေနပ်ပါက The Victorian Ombudsman ထံ ဆက်သွယ်ပါ။

စကားပြန်

သင်၏ဘာသာစကားဖြင့် အကူအညီရယူလိုပါက 131 450 သို့ ဖုန်းခေါ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း Victorian Ombudsman (1800 806 314) ကို ဆက်သွယ်ရန် တောင်းဆိုပါ။ သို့မဟုတ် complaints@ombudsman.vic.gov.au သို့ အီးမေးလ်ပို့နိုင်ပါသည်။